Sunday, June 6, 2010

ဂါဇာဒေသ ကူညီရေးသင်္ဘောကို အစ္စရေးတို့ ထိန်းသိမ်း


Rachel Corrie
အစ္စရေး ရေတပ်က သင်္ဘောကို အက်ရှ်ဒို့ ဆိပ်ကမ်းကို ခေါ်ယူလာပါတယ်
အစ္စရေးတို့ ပိတ်ဆို့ထားတာကို အံတုပြီး ဂါဇာဒေသအတွက် ကူညီရေးပစ္စည်းတွေ တင်လာတဲ့ သင်္ဘောတစီးကို အစ္စရေး ရေတပ်က ထိန်းသိမ်းလိုက်ပြီး သင်္ဘော ပေါ်ကို တက်ရောက်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
ဂါဇာကမ်းခြေကနေ ၃၀ ကီလိုမီတာ အကွာ အဝေးမှာရှိတဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ အစ္စရေးရေတပ်က သင်္ဘောကို အေးချမ်းစွာ နဲ့ပဲ ထိန်းသိမ်းလိုက်တာဖြစ်တယ်လို့ အစ္စရေးကပြောပါတယ်။
အစ္စရေး ရေတပ်က အဲဒီသင်္ဘောကို လမ်းကြောင်းပြောင်းဖို့ အကြိမ်ကြိမ်သတိပေး ပေမယ့် သူတို့ပိတ်ထားတဲ့ ဂါဇာရေကြောင်းဘက်ဆီပဲ ဝင်လာတဲ့အတွက် သင်္ဘောပေါ်ကို တက်ပြီး စီးလိုက်ရတာလို့ ပြောပါတယ်။
ကုန်ပစ္စည်းတွေကို စစ်ဆေးဖို့အတွက် အခုတော့ သင်္ဘောကို အက်ရှ်ဒို့ ဆိပ်ကမ်းကို အစ္စရေး တို့က မောင်းခေါ်လာနေပြီဖြစ်ကြောင်းနဲ့ သင်္ဘောပေါ်ပါသူတွေနဲ့ သဘောတူချက် ရခဲ့ပြီး၊ ဘာအကြမ်းဖက်မှုမှမရှိဘဲ အားလုံးငြိမ်ငြိမ်သက်သက်ရှိကြောင်း အစ္စရေး ပြောခွင့်ရ အမျိုးသမီး မီရီအီဆင်က ပြောပြပါတယ်။
သင်္ဘောပေါ်မှာပါလာတဲ့ ပါလက်စတိုင်းအရေး လှုပ်ရှားသူ ၁၁ ဦးကတော့ ဘာမှမခုခံဘဲ အသာတကြည် အဖမ်းခံခဲ့ပါတယ်။
ဒီအပတ်စောစောပိုင်းကတော့ ဂါဇာကိုဦးတည်မောင်းလာနေတဲ့ သင်္ဘောတစီးကို အစ္စရေး တပ်ဖွဲ့တွေက ဝင်ရောက်စီးနှင်းခဲ့ပြီး ပစ်ခတ်မှုတွေ ဖြစ်ခဲ့ရာက ပါလက်စတိုင်းအရေး တက်ကြွသူ ၉ ဦး သေဆုံးခဲ့ပါတယ်။

Mary Kom, Sarita gearing up for the London Olympics

IMPHAL, June 5: Two Asian Champions incidentally both from the small state of Manipur are gearing to participate in the London Olympics though both will have to fight in the same category of 51 kg category.
Mary Kom recently was crowned the champion of the 46 kg pin weight whereas L Sarita was crowned the 51 kg fly weight champion in the recently held Asian Championship, Kashakisthan.
L Sarita, who has a former Churchill brothers as husband, while talking to IFP stated that living along with Ng Dingko at SAI turned her attention to boxing though she was staying there as a taekwondo player.
She further stated that it took only one year for her to become the national champion in boxing. Simultaneously, she became the 54kg fin weight Asian champion in the same year.
She has also added that she had to bring down her weight to 51 kg so as to participate in the London Olympics which will be introducing Women’s boxing in 2012, with only three categories in the 51kg, 60kg and 75.
Sarita, who has the sponsorship of Lakshmi Mittal Steel Plant, also stated that her sponsors are willing to take up any projects, which will help her in the London Olympics.
In the meantime the Indian boxing Federation will be starting a Boxing Camp, which will look only at the London Championship at Bhopal from June 15, though she will have to wait till June 17 to reach the camp.
Mary Kom who is sponsored by the Olympic Gold Quest and the management Infinity Solution of Society will be reaching the camp by June 14. She further stated that the London Olympics would be her last chance for a fight for the Olympics gold Medal.
In the meantime, it is also note worthy that all weight category below 51 kg will have to fight in the 51 kg in the London Olympics as there is no weight category under 51 kg.

NDF From CNF's Web

The National Democratic Front

The Chin National Front is a member of the National Democratic Front, which consists with leadership of political wings in the ethnic groups. The NDF was established in May 10, 1976 at Manerplaw, Kawtoolay by 12 different Ethnic political parties and organizations, such as the Arakan, Chin, Karen, Karenni, Kachin, Lahu, Mon, Pa-O, Palaung, Shan and Wa. The NDF is the first and most successful union of all of the ethnic groups who are working together to develop the best strategy for a Federal Union and topple military regime.

Aims of the NDF

1. Equality right and self-determination right for all ethnic nationals and
2. Establishment of a Federal Union based on democratic principles.

The Beliefs of NDF

The NDF firmly believes that
1. All ethnic nationals must enjoy political equality, regardless of the size of their populations, advancement and backwardness, in order to establish genuine national unity;
2. A state should be established for the Burman ethnic national in order to ensure the equality principle of ethnic nationals in Burma and self-determination right;
3. Ethnic conflicts originating from political causes could only be resolved by political means and not by military means, which has been the course successive Burmese regimes have been pursuing; and
4. The military regime attempting to resolve the conflict only by the military means should be overcome and for that the democratic forces must be organized for united struggle against the military regime.

The Principles of NDF

(1) The NDF is a leading front of all the ethnic nationals organized for upholding the interests and betterment of the ethnic nationals;
(2) The NDF is totally against any system that hinders development of all the ethnic nationals and upholds national democratic principles;
(3) The NDF shall cooperate with any organizations or individuals that promote World peace and oppose dictatorship;
(4) The NDF is absolutely against any system that suppresses multi-ethnic nationals’ unity;
(5) The NDF respectfully observes international standards as well as the value of local traditions whilst realizing its aims and objectives;
(6) The NDF was founded by organizations that are committed to uphold equality, democracy, mutual understanding and cooperation; and
(7) The NDF shall settle every major disagreement on the basis of shall be neglected. Any disagreement shall be resolved through peaceful negotiation.

Membership criteria of the NDF

If an organization which has the following characteristic could be a member of NDF;
1) A well defined political program and guide line/ political;
2) A Central Committee to realize its political program and guide line policy;
3) An armed force or believe in armed resistance;
4) A base area that enjoy the support of the masses of people in that area; and,
5) Has accepted the right of equality and self-determination for all ethnic nationalities.

Current member organization of NDF

1) Arakan Liberation Party (ALP)
2) Chin National Front (CNF)
3) Karen National Union (KNU)
4) Lahu Democratic Union (LDU)
5) New Mon State Party (NMSP)
6) Pa_O People’s Liberation Organization (PPLO)
7) Palaung State Liberation Front (PSLF)
8) Wa National Organization (WNO)

The Leadership of NDF 7th Congress Term


The Seventh Congress of the National Democratic Front (NDF) was successfully held from April 6 to 9, 2009 at a certain place in the liberated area. This Congress elected democratically leaders, at different levels, in accordance with the Constitution for implementation, during the term of the 7th Congress, the programs laid down by the Central Executive Committee - CEC of NDF, as follows;

1. Chairman Saw David Tharckabaw (KNU)
2. Vice-Chaiman Khaing Soe Naing Aung (ALP)
3. General Secretary Mai Bhone Kyaw (PSLF)
4. Joint-G/Secretary Mahn Nyein Maung (KNU)
5. CEC Col. Khun Okker (PPLO)
6. CEC Khaing Ne Lin (ALP)
7. CEC Mai aik Phone (PSLF)
8. CEC Dr. Sui Khar (CNF)
9. CEC Saya Nai (NMSP)
10. CEC Saw Tar Doemu (KNU)
11. CEC Khun Ooh (PPLO)
12. CEC Na Mi Shaw (LDU)

The significant works of NDF (Part One)

(a) The integration of national liberation movement with the democratic movement.
(b) The formation of the All Burma Student Democratic Front (ABSDF)
(c) The forming National Coalition Government of the Union of Burma (NCGUB)

The significant works of NDF (Part Two)

(a) NDF Cadet training in 1981
(b) NDF Joint Military Command in 1982
(c) NDF regional forces in 1984
(d) A long march to Northern Burma in 1985-86
(e) The Federal University of NDF

The significant works of NDF (Part Three)

(a) The Manerplaw Agreement in 1992
(b) The attempt to reunite the two splitting factions of Mon organization in 1982
(c) The compromising of Mon-Karen armed conflict in 1988
(d) NDF and UWSP alliance in 1989
(e)The historical seminar of Ethnic Nationalities in 1997

Saturday, June 5, 2010

Mangtha အမူ့ဆောင်သစ်များ

Alliance of Chin Refugee  ( Malaysia )   Mangtha ( အမျိုးသမီး များ အဖွဲ့ ) ဧ။် ရွေးကောက်ပွဲ ကို June 3, 2010  နေ့တွင်ကျင်းပခဲ့ ပါသည်။ အမူ့ဆောင် Committee များမှာ
  1. Tha Coordinator- Khin Mar Aye,
  2. Treasurer- Nu Nu Aung,
  3. EC (1) Pau Pau
  4. EC (2) Khin Htay Yee

မြန်မာ့နျူကလီးယားအစီအစဉ် သေချာလို့ ပညာရှင်ပြော

robert_kelley
ရောဘတ်ကယ်လီက အထောက်အထားတွေ ခိုင်လုံတယ်လို့ ပြော
မြန်မာနိုင်ငံကနေ ဒုံးကျည်တွေထုတ်လုပ်ဖို့နဲ့ နျူကလီးယား လက်နက် ပိုင်ဆိုင်ဖို့ ကြိုးစားနေတယ်ဆိုတာကို ကာတာအခြေစိုက် Al Jazeera ရုပ်မြင်သံကြားကနေ မနေ့ကစလို့ ထုတ်လွှင့်ပြသနေရာမှာ အဲဒီထဲမှာ ပညာရှင်တွေက အထောက်အထားတွေဟာ ခိုင်လုံကြောင်း ထောက်ပြကြပါတယ်။
''ဓာတ်ပုံတွေအများအပြားတွေ့ရပြီး ဒီဓာတ်ပုံတွေကပဲ တော်တော်လေး အဖြေထွက်နေပါတယ်''လို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) စစ်ဆေးရေးမှူးနဲ့ ညွှန်ကြားရေးမှူးအဖြစ် မကြာခင်အချိန်ကာလတွေထိ တာဝန်ယူခဲ့တဲ့ ဒေါက်တာ ရောဘတ် ကယ်လီက ဘီဘီစီကို ပြောပါတယ်။
ဒေါက်တာ ကယ်လီအပါအဝင် ပညာရှင် ၁၀ ဦးလောက်ကနေ ဓာတ်ပုံတွေအပြင် တခြား စာရွက်စာတမ်းတွေ၊ သတင်းအချက်အလက်တွေကိုလည်း လေ့လာခဲ့ကြပါတယ်။
မြန်မာအစိုးရဟာ ရရှားကို သင်တန်းတွေ စေလွှတ်ခဲ့တယ်၊ ဥရောပကနေ စက်ကိရိယာတွေ ဝယ်တယ်၊ ဒုံးကျည်ထုတ်ဖို့ကိစ္စမှာ မြောက်ကိုးရီးယားက ပါဝင် ပတ်သက်နေတယ်၊ ဒါပေမယ့် မြောက်ကိုးရီးယားဟာ နျူကလီးယားကိစ္စမှာ ပါမပါကိုတော့ မပြောနိုင်သေးဘူးလို့ မစ္စတာ ကယ်လီက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်လို့ ''ကျွန်တော်ကတော့ ကနဦးအဆင့်လို့ ပြောချင်ပါတယ်။ စက်ရုံနဲ့ စက်ပစ္စည်း တွေကိုကြည့်ရင် နျူကလီးယားအစီအစဉ်အတွက်လို့ ပြောလို့ရနိုင်ပါတယ်။ ဒါပေမယ့် နျူကလီးယားဖြစ်တဲ့အဆင့်ထိတော့ မရောက်သေးပါဘူး။ နျူကလီးယားကိုသွားဖို့ လုပ်ပေးတဲ့ အဆင့်တွေပါ။ ဒါတွေက သိသာ ထင်ရှားပါတယ်'' လို့ မစ္စတာ ကယ်လီက ပြောပါတယ်။
နိုင်ငံတကာကနေ မြန်မာနိုင်ငံကို တားဆီးဖို့ နောက်ကျသွားမှာ စိုးတဲ့အတွက် အခုလို အထောက်အထားတွေနဲ့ တွေ့ရှိချက်တွေကို ထုတ်ပြန်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
မကြာခင်မှာ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (IAEA)ကနေ မြန်မာနိုင်ငံကို ဒီအကြောင်း ဟုတ်မဟုတ် မေးမြန်းလာနိုင်သလို IAEA စာချုပ်တွေမှာ နောက်ထပ် လက်မှတ်ထိုးခိုင်းတာတွေ လုပ်လာနိုင်တယ်လို့ မစ္စတာ ကယ်လီက ပြောပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံက ထုတ်လုပ်တဲ့ ဒီရုပ်မြင်သံကြားအစီအစဉ်ဟာ ၄၅ မိနစ်ကြာပြီး Al Jazeera ကနေ သောကြာနေ့ကစလို့ ငါးရက်ကြာ ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်။

မြန်မာ့နျူကလီးယားပြဿနာ ကမ္ဘာသိထုတ်ဖော်

မြန်မာ စစ်တပ်က နျူကလီးယား လက်နက် ပိုင်ဆိုင်ဖို့ ကြိုးစား နေတဲ့ အကြောင်း တွေကို စစ်အစိုးရရဲ့ စက်ရုံတွေ ထဲက မြိုင်စက်ရုံမှာ ဒုတိယ စက်ရုံ တာဝန်ခံ လုပ်ခဲ့ပြီး နောက်ပိုင်း မှာတော့ စစ်တပ် ခေါင်းဆောင် တွေရဲ့ လုပ်ရပ် တွေကို မနှစ်မြို့တဲ့ အတွက် သက်သေခံ အထောက် အထား တွေနဲ့ အတူ နိုင်ငံ အပြင် ဘက်ကို ထွက်လာတဲ့ ဗိုလ်မှူး ဟောင်း စိုင်းသိန်းဝင်း က ပြောတယ်လို့ သိရ ပါတယ်။
sai thein win
တိုင်းပြည် အကျိုးအတွက် အခုလို လုပ်တာလို့ ဆိုတဲ့ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း
ဗိုလ်မှူး စိုင်းသိန်းဝင်းရဲ့ အပြောအရ စစ်တပ်က အခုလို မြေအောက် လှိုဏ်ခေါင်းတွေ တည်ဆောက်တာ၊ တာဝေးပစ် စကာ့ဒ် ဒုံးကျည်တွေ တည်ဆောက်တာ၊ နျူးကလီးယား လက်နက် ပိုင်ဆိုင်ဖို့ ကြိုးစား နေတာ တွေဟာ တိုင်းပြည် ဘဏ္ဍာကို ဖြုန်းတီး နေတာလို့ ဆိုပါတယ်။
တိုင်းပြည် အတွက် အကျိုး မရှိဘူးတဲ့အပြင် ဝန်ကြီး ဦးသောင်းတို့၊ ဗိုလ်ချုပ် မောင်အေးတို့၊ ဗိုလ်ချုပ် သန်းရွှေ တို့က အတင်း ခိုင်းနေတာ၊ အမှန်ဆို ပညာရေး၊ ကျန်းမာရေး ဘက်မှာ သုံးသင့် တယ်၊ အရင် တစ်ခေါက်က DVB က ထုတ်လွှင့် ခဲ့တဲ့ လှိုဏ်ခေါင်းတွေ အကြောင်း သတင်း မှတ်တမ်းကို ကြည့်လိုက် ရပြီးနောက်ပိုင်း အခုလည်း မြန်မာ စစ်တပ်က နျူးကလီးယား လက်နက် ရအောင် လုပ်နေ တာကို တားဆီး ရမယ် ဆိုပြီး ဗိုလ်မှူး စိုင်းသိန်းဝင်းကDVB ကို ဆက်သွယ် ထုတ်ဖော် လာတာ ဖြစ်ပါ တယ်လို့ ဒီမိုကရက်တစ် မြန်မာ့ အသံ DVB က ဒုတိယ ညွှန်ကြား ရေးမှူး ဦးခင်မောင်ဝင်း က ပြောပါတယ်။
DVB က ရရှိခဲ့တဲ့ အချက် အလက်တွေ အထောက် အထားတွေကို ၁၀ လ လောက် အချိန်ယူပြီး အပြန် အလှန် သုံးသပ်ခဲ့တယ်၊ နိုင်ငံ တကာက ပညာရှင် ၁၀ ယောက် လောက်နဲ့ စိစစ် မေးမြန်း လေ့လာ ခဲ့တယ်၊ သေချာမှ အခုလို မြန်မာ နိုင်ငံမှာ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ လုပ်နေတဲ့ အကြောင်း မှတ်တမ်း ရုပ်ရှင် ကားကို ဒီနေ့ မနက်က ကာတာ နိုင်ငံ အခြေစိုက် အယ်လ် ဂျဇီးရား ရုပ်သံ ကနေ ထုတ်လွှင့်ခဲ့ ပါတယ်။
မနေ့က ကြိုတင်ပြီး သတင်း ထွက်လာတဲ့အတွက် မြန်မာ နိုင်ငံကို သွားဖို့ ရှိတဲ့ အမေရိကန် အထက် လွှတ်တော် အာရှ-ပစိဖိတ် ဒေသ ဆိုင်ရာ နိုင်ငံခြား ရေးရာ ကော်မတီ ဥက္ကဌ လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ် က သူ့ရဲ့ ခရီးစဉ်ကို ဖျက်သိမ်း ခဲ့ပါတယ်။
နိုင်ငံတကာ စိုးရိမ်
အမေရိကန် နိုင်ငံကလည်း မြန်မာ နိုင်ငံမှာ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ အတွက် မြောက်ကို ရီးယားနဲ့ ပူးပေါင်း ဆောင်ရွက် နေတာကို စိုးရိမ် ပူပန်တဲ့ အကြောင်း ထုတ်ဖော် ပြောကြားခဲ့ ပါတယ်။
တရုတ် နိုင်ငံကလည်း သူ့ရဲ့ အိမ်နီးချင်း လေးနိုင်ငံမှာ နျူကလီးယား လက်နက်တွေ ရှိနေပြီး ဖြစ်တာမို့ မြန်မာ နိုင်ငံမှာ နျူကလီးယား လက်နက် ပိုင်ဆိုင် သွားမှာကို လိုလားမှာ မဟုတ်ဘူးလို့ ယူကေ နိုင်ငံ အခြေစိုက် Chatham House နိုင်ငံတကာ လေ့လာရေး ဌာန က အကြီးတန်း သုတေသီ တရုတ်-မြန်မာ ဆက်ဆံရေး ကျွမ်းကျင်သူ ဒေါက်တာ ကယ်ရီ ဘရောင်း က ပြောပါတယ်။
စစ်ခေါင်းဆောင်ဟောင်း အမြင်
မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဟောင်းနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အင်န် အယ်လ်ဒီ ပါတီ ခေါင်းဆောင် ဦးတင်ဦး ကတော့ အခုလို ပိုက်ဆံတွေ အကုန်ခံပြီး မြေကျင်း ကြီးတွေ တူး၊ တွင်းအောင်း လုပ်ဖို့ မလိုဘူးလို့ ထင်မြင်ကြောင်း၊ ဒီလို နေလို့လည်း လုံခြုံပြီလို့ သူတို့ဟာ သူတို့ ထင်နေပေမယ့် သိပ္ပံ ထွန်းကား တဲ့ ဒီနေ့ခေတ်မှာ တကယ်ကော လုံခြုံပါ့မလားလို့ မေးခွန်းပြန် ထုတ်ပါတယ်။
general tin oo
မြေကျင်းတွေတူး တွင်းအောင်လည်း မလုံခြုံ ပါဘူးလို့ဆိုတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး
မြန်မာ့ တပ်မတော်ဟာ ထိုက်သင့် အားလျော်စွာ ကာကွယ်နိုင်တဲ့ တပ်မတော် ဖြစ်ရင် တော်ပြီလို့ ဦးတင်ဦးက သုံးသပ်ပါတယ်။ အခုလို နျူက လီးယား လက်နက် ထုတ်လုပ် မှုဟာ စစ်တပ် ခေါင်းဆောင် တွေ အနေနဲ့ တိုင်းပြည် အာဏာကို ရယူ ထားခိုက်မှာ ဘုန်းတန်ခိုး ကြီးအောင် လုပ်ကိုင် နေတာလို့ ထင်ကြောင်း၊ စစ်ရေးအရ တိုက်ရ ခိုက်ရအောင် သူများကို ရန်ပြုတဲ့ နိုင်ငံလည်း မဟုတ်ဘူး၊ နိုင်ငံခြားရေး မူဝါဒကလည်း အားလုံးနဲ့ သင့်မြတ်အောင် နေမယ် ဆိုတဲ့ မူဝါဒနဲ့ နေနေတာပဲလို့ ဦးတင်ဦးက ပြောပါတယ်။
နိုင်ငံရေးပါတီတွေရဲ့ သဘောထား
စစ်အစိုးရက ဒီနှစ်ကုန်ပိုင်း လောက် ကျင်းပပေး မယ်ဆိုတဲ့ ရွေးကောက်ပွဲ ဝင်ဖို့ ပြင်ဆင် နေတဲ့ ဒီမိုကရက်တစ် ပါတီက အတွင်းရေး မှူးချုပ် ဒေါ်သန်းသန်းနု ကတော့ နျူကလီးယား လက်နက် ပိုင်ဆိုင် ချင်တယ်ဆိုတာ အင်အား ကောင်းတယ် ဆိုတာကို ပြချင်လို့ ဖြစ်ကြောင်း၊ ဒါပေမယ့် ဒါတွေကို မလုပ်သင့်ဘူး၊ အားလုံး ငြိမ်းငြိမ်း ချမ်းချမ်း ရှိရင် ကောင်းတယ်၊ အဲဒါတွေ ထုတ်လုပ် နေရင် အိမ်နီးချင်း နိုင်ငံတွေပဲ ဖြစ်ဖြစ်၊ ခပ်လှမ်းလှမ်းက နိုင်ငံတွေပဲ ဖြစ်ဖြစ် သူတို့ကို ခြိမ်းခြောက်ရာ ရောက်တယ်၊ ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် နျူးကလီးယား လက်နက် မရှိသင့်ဘူးလို့ ပြောပါတယ်။

Friday, June 4, 2010

သျှမ်းပြည်မှဒုက္ခသည်များထိုင်းနယ်စပ်သို့ထောင်ချီရောက်ရှိ

သျှမ်းပြည်မှဒုက္ခသည်များ ထိုင်း-မြန်မာနယ်စပ်သို့ရောက်ရှိလာသူ လူဦးရေမှာ ယခင်ကထက်နှစ်ဆပိုမိုများပြားလာ ကြောင်း နယ်စပ်သတင်းများအရ သိရှိရသည်။

“ဇန်န၀ါရီမှဧပြီအထိ ကျနော်တို့ဆီရောက်လာတဲ့သူ ၁၃၂၂ ယောက်ရှိတယ်။ အခုမေလနဲ့ဆို အားလုံပေါင်း အယောက် ၁၅၀၀ ကျော်တယ်။ အရင်က တစ်လဆို ၂၀၀ လောက်ဘဲ ရောက်လာတယ်။ အခုဆိုပျှမ်းမျှ တစ်လ ၄၀၀ လောက် ရောက်လာကြတယ်။ အဲဒါကျနော်တို့ဆီတိုက်ရိုက်လာတဲ့သူတွေ။ တခြားနယ်စပ်ဂိတ်ကနေ ထိုင်းထဲဝင်လာတဲ့ သူနဲ့ဆိုရင် ခန့်မှန်းခြေ တစ်ယောက် လေးယောက်နှုန်းဆိုတော့ လေးငါးထောင်မကရှိမှာ” ဟု နယ်စပ်ဒုက္ခသည်လေ့လာစောင့်ကြည့် သူတစ်ဦးကပြောပါသည်။
အမျိုးသမီး ၆၈၆ ယောက်(၅၂%)၊ မွေးကင်းစမှ ၁၄ နှစ်အောက်ကလေး ၃၄၆ ယောက်(၂၆%)ရှိကြောင်း၊ သျှမ်းပြည်တောင် ပိုင်း ကျေးသီး၊ မိုင်းကိုင်၊ လဲချား၊ ကွန်ဟိန်း၊ မိုးနဲ၊ လင်းခေး၊ မိုင်းပန်မြို့နယ်နှင့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုန်၊ မိုင်းဆက်၊ မိုင်းပြင်းမြို့နယ်မှ ၀င်ရောက်လာသူများဖြစ်သည်ဟု ၎င်းကဆက်လက်ပြောကြားပါသည်။

“ကလောအခြေစိုက် တပ်မ ၅၅ လက်အောက်ခံတပ်ရင်းတွေက ပြည်သူလူထုကို ဆန်၊ ကြက်၊ ၀က်စတာတွေ မကြာခဏအလကားတောင်းစားတယ်။ အိမ်ခွန်၊ ယာခွန်၊ ကောက်ပဲသီးနှံခွန်စတဲ့ အခွန်မျိုးစုံလည်းထပ်ကောက် တယ်။ ယောင်္ကျားလေး/အမျိုးသားတွေကို ပြည်သူ့စစ်လုပ်ခိုင်းတယ်။ စပါးတွေကို ဈေးနိမ်ပြီးဝယ်တယ်။ အဲဒီဒဏ် တွေကို မခံနိုင်လို့ထွက်ပြေးလာရတာ”ဟု မိုင်းကိုင်ဒေသခံတစ်ဦးက ပြောပါသည်။

ခလရ ၁၁၂ နှင့် ၁၁၃ တို့ကလည်း ထော်လာဂျီ၊ မော်တော်ဆိုင်ကယ်များ အမြဲမပြတ်ချောဆွဲကြောင်း၊ ပြည်သူလူထုအား လုပ်အားပေးစေခိုင်းကြောင်း၊ ပြည်သူလူထုပိုင်မြေယာများ အတင်းအဓမ္မသိမ်းယူပြီး ပိုက်ဆံရှိသူ များထံပြန်လည်ရောင်း ချသည်ဟုဆိုသည်။

“တစ်နေ့ ထော်လာဂျီ ၆ စီး၊ ဆိုင်ကယ် ၅ စီး ချောဆွဲတယ်။ ထော်လာဂျီ၊ ဆိုင်ကယ်မရှိတဲ့သူတွေကို ဓါတ်ဆီ၊ဒီဇယ်ဆီတွေ အတွက် စုပေါင်းပိုက်ဆံထည့်ရတယ်”ဟု အဆိုပါမိုင်းကိုင်ဒေသခံက ဆက်လက်ပြောကြားပါသည်။

နယ်စပ်သို့ရောက်ရှိရန် ခရီးစရိတ် ကျပ်ငွေ ၁၅၀၀၀၀ (၅၃၀၀ဘတ်ခန့်) မှ ၂၀၀၀၀၀ (၇၀၀၀ဘတ်ခန့်) အထိကုန်ကျ ကြောင်း၊ နယ်စပ်မှတဆင့်ထိုင်းထဲသို့ ခရီးဆက်လျှင် ဘတ် ၄၀၀၀ မှ ၉၀၀၀ အထိထပ်မံကုန်ကျကြောင်း၊ ထို့ကြောင့် အနည်းဆုံးဘတ် ၉၀၀၀ မှ အများဆုံးဘတ် ၁၆၀၀၀ ထိကုန်ကျကြောင်းသိရှိရသည်။
နယ်စပ်တွင် အလုပ်လုပ်လျှင် တစ်ရက် ယောက်ျားလေး ဘတ် ၁၀၀၊ မိန်းကလေး ဘတ် ၉၀ ရရှိကြောင်းနယ်စပ် ဒေသခံတစ်ဦးပြောပြချက်အရ သိရှိရသည်။

၁၉၉၆ မှ ၁၉၉၈ ခုနှစ်အထိ နအဖစစ်တပ်များက သျှမ်းပြည်ရှိ မြို့နယ် ၁၁ မြို့နယ်မှ ရွာပေါင်း ၁၄၇၈ ရွာအား မီးရှို့ ဖျက်စီးပြီး နေရပ်မှအဓမ္မစွန့်ခွါခိုင်းခဲ့သောကြောင့် ရွာသူရွာသားသုံးသိန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု ၁၉၉၈ ဧပြီလ၌ The Shan Human Rights Foundation မှထုတ်ဝေသော Dispossessed အစီရင်ခံစာတွင် ရေးသား ဖော်ပြထားသည်။

ဂျင်မ်ဝက်ဘ် မြန်မာခရီးစဉ် ဘာကြောင့် ဖျက်သိမ်းရပါသလ

အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) က ကြိုတင် ကြေညာထားပြီးဖြစ်တဲ့ မြန်မာနိုင်ငံ အလည်အပတ် ခရီးစဉ်ကို ကြာသပတေးနေ့က ရုတ်တရက် ဖျက်သိမ်းလိုက်ပါတယ်။ မြန်မာစစ်အစိုးရဟာ နျူကလီးယား တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ မြောက်ကိုရီးယားနိုင်ငံနဲ့ လျှို့ဝှက် ဆက်သွယ် လုပ်ဆောင်နေကြောင်း လတ်တလော ပေါ်ထွက်လာတဲ့ သတင်းအပြင် မြန်မာစစ်အစိုးရက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားနိုင်ငံက လက်နက်တွေ ၀ယ်ယူ တင်သွင်းနေတယ်ဆိုတဲ့ အမေရိကန် အစိုးရရဲ့ စွပ်စွဲချက်ကြောင့်ပါ ဒီခရီးစဉ်ကို ရွှေ့ဆိုင်းထားဖို့ ဆုံးဖြတ်ရတာ ဖြစ်ကြောင်း မစ္စတာ ဂျင်မ်ဝက်ဘ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ ရှင်းလင်း ပြောကြားချက်တွေအကြောင်း ဗွီအိုအေ မြန်မာဌာနမှူး ဦးသန်းလွင်ထွန်းက သုံးသပ် တင်ပြထားပါတယ်။
နျူကလီးယား တည်ဆောက်ရေး လုပ်ငန်းတွေမှာ မြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အကူအညီကို ရယူနေတယ်ဆိုတဲ့ သတင်းဟာ အခုမှ ထွက်ပေါ်လာတဲ့ သတင်းတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ တတိယ အာဏာအရှိဆုံး စစ်ခေါင်းဆောင်လို့ ဆိုကြတဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့ မြောက်ကိုရီးယားနိုင်ငံ လျှို့ဝှက်ခရီးစဉ်အကြောင်း မှတ်တမ်း အစီရင်ခံစာတခု မနှစ်က အင်တာနက်မှာ ပေါက်ကြား ထွက်ပေါ်ခဲ့တဲ့အပြင် ၀ါရှင်တန် အခြေစိုက် နိုင်ငံတကာ လုံခြုံရေးနဲ့ သိပ္ပံနည်းပညာ အသင်းကြီးကလည်း မြန်မာ၊ မြောက်ကိုရီးယား နျူကလီးယား ပူးပေါင်း လုပ်ဆောင်မှုတွေ အကြောင်း သုံးသပ်ထားတဲ့ အစီရင်ခံစာ တစောင်ကို ဇန်န၀ါရီလကတည်းက ထုတ်ပြန်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြား သတင်းဌာနက မြန်မာစစ်တပ်ရဲ့ နျူကလီးယား ရည်မှန်းချက်များ ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းမှတ်တမ်း အစီအစဉ်တခု ဇွန်လ ၄ ရက်နေ့က စတင်ပြီး ပြသမယ်လို့ ကြေညာလိုက်တော့မှ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က သူ့ရဲ့ခရီးစဉ်ကို ဖျက်သိမ်းမယ်လို့ ပြောကြားခဲ့တာဟာ ထူးဆန်းသလို ဖြစ်နေပါတယ်။ အယ်လ်ဂျာဇီးယားက ပြသမယ့် ရုပ်မြင်သံကြား အစီအစဉ်မှာ မြန်မာနိုင်ငံအတွင်းက ထွက်ပြေး တိမ်းရှောင်လာတဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်း ဆိုသူဆီက ရရှိတဲ့ နျူကလီးယား တည်ဆောက်ရေးလုပ်ငန်း စီမံချက်ဆိုင်ရာ မှတ်တမ်းတွေကို ကိုးကား တင်ပြထားတယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနက ကြေညာထားပါတယ်။
ဗိုလ်မှူး စိုင်းသိန်းဝင်းဟာ မြိုင်မြို့မှာရှိတဲ့ စစ်တပ် လျှို့ဝှက်စက်ရုံတခုရဲ့ ဒုတိယ တာဝန်ခံဟောင်း ဖြစ်ပါတယ်။ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ကတော့ …
“ကျနော်တို့ဆီမှာ ရှိနေတာက လူတယောက်က သယ်လာတယ်ဆိုတဲ့ မှတ်တမ်း အထောက်အထားတွေပဲ ဖြစ်တယ်ဆိုတော့ ဒီကိစ္စကို အသေအချာ စိစစ် ကြည့်ရှုဖို့ လိုနေပါသေးတယ်။” လို့ ပြောသွားပါတယ်။
အလားတူပဲ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားနိုင်ငံက လက်နက်တွေ ၀ယ်ယူ တင်သွင်းနေတယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) က ပြီးခဲ့တဲ့ မေလဆန်းပိုင်း မြန်မာနိုင်ငံ ခရီးစဉ် ပြီးကတည်းက ပြုလုပ်ထားခဲ့တာပါ။ ဒီကိစ္စကိုလည်း အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က အတိအကျ ယုံကြည်တယ်လို့ မပြောပါဘူး။
“မြန်မာစစ်အစိုးရဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ခဲ့တယ်လို့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်က ပြောဆိုခဲ့တော့ နိုင်ငံခြားရေး ၀န်ကြီးဌာနက အရာရှိ တော်တော်များများနဲ့ ကျနော် ဆက်သွယ် ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ နိုင်ငံတနိုင်ငံကို အခုလို လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးက စွပ်စွဲတယ် ဆိုတာဟာ အမေရိကန် ပြည်ထောင်စုရဲ့ အဲဒီနိုင်ငံအပေါ် ထားရှိတဲ့ ရပ်တည်ချက် သဘောထားနဲ့ အတူတူပါပဲ။ ဒါကြောင့် ဒီအကြောင်းကို ပိုပြီး ရှင်းလင်းအောင် ထုတ်ဖော်ပေးပါလို့ ကျနော်က တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ရှင်းလင်းချက်တွေက သိပ်ပြီး ရှင်းရှင်းလင်းလင်း မရှိခဲ့ပါဘူး။”
လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားနိုင်ငံက လက်နက်တွေ တင်သွင်းခဲ့တယ်ဆိုတဲ့ ကိစ္စမှာ မြန်မာနိုင်ငံဆီကို တိုက်ရိုက် ရောက်ရှိမသွားဘဲ အရှေ့အလယ်ပိုင်းနဲ့ UAE ကို ရောက်ရှိသွားခဲ့တဲ့ ကိစ္စ၊ ပင်လယ်ပြင်ကနေ လှည့်ပြန်ခဲ့တဲ့ကိစ္စ၊ ဘန်ကောက်မှာ လေကြောင်းက ဟန့်တားခဲ့ရတဲ့ကိစ္စ စတာတွေ ရှိခဲ့ပြီး တရုတ်နိုင်ငံကနေတဆင့် ကုန်းကြောင်းကနေ မြန်မာနိုင်ငံအထိ ရောက်သွားခဲ့တဲ့ ကိစ္စတခု ရှိတယ်လို့လည်း သိရကြောင်း၊ အသေးစိတ်ကို နိုင်ငံခြားရေးဌာနကပဲ ထုတ်ပြန်ပေးရမှာ ဖြစ်ကြောင်း မစ္စတာဝက်ဘ်က ပြောပါတယ်။
ဒါတွေဟာ ရှင်းလင်းဖို့ လိုနေသေးတဲ့ ကိစ္စတွေ ဖြစ်ပေမဲ့ သူသွားမယ့် ခရီးစဉ်အတွင်း ရည်မှန်းချက်တွေအတိုင်း ဆွေးနွေး တွေ့ဆုံပွဲ ကိစ္စတွေကို အဟန့်အတား ဖြစ်စေလိမ့်မယ်လို့တော့ သူယုံကြည်ကြောင်း မစ္စတာဝက်ဘ်က ဆိုပါတယ်။
“ဒီကိစ္စနှစ်ရပ်လုံးမှာ အချက်အလက်တွေ ဘယ်လောက် မှန်ကန်တယ်ဆိုတာ မသိနိုင်သေးပေမဲ့ ဒီအကြောင်းချက်တွေက ၂ ခုတောင် ဖြစ်နေတော့ မြန်မာနိုင်ငံ ခရီးစဉ်ကို ဖျက်သိမ်းထားတာပဲ ကောင်းတယ်လို့ ကျနော်က ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံကြား အပြန်အလှန် ပြောဆို ဆွေးနွေးမှုတွေ ဆက်ပြီး လုပ်သွားဖို့ အရေးကြီးတယ်လို့ ကျနော် ယုံကြည်ထားဆဲပဲ ဖြစ်ပါတယ်။”
ဝါရှင်တန်မှာရှိတဲ့ မြန်မာသံရုံးကတော့ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ရဲ့ ခရီးစဉ်ကို မြန်မာစစ်အစိုးရဘက်က ဖျက်သိမ်းတာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သူတွေ့ဆုံလိုသူတွေနဲ့ တွေ့ခွင့်ရမယ့် အလားအလာ မရှိတဲ့အတွက် ဂျင်မ်ဝက်ဘ်က ခရီးစဉ် ဖျက်သိမ်းတာ ဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်းကိုလည်း ခန့်မှန်းပြောဆိုမှုတွေ ရှိနေပါတယ်။
ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားခဲ့ပါသလား ဆိုတဲ့ မေးခွန်းကို မစ္စတာဂျင်မ်ဝက်ဘ်က…
“မြန်မာနိုင်ငံအတွင်း ကျနော့်ရဲ့ တွေ့ဆုံဆွေးနွေးမှု အစီအစဉ်တွေကတော့ တင်ပြ တောင်းဆိုထားဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။ ကျနော်ရောက်သွားမှ ရှင်းလင်း အတည်ပြုပေးမှာပါ။” လို့ ဖြေသွားပါတယ်။
အဲဒီတော့ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် အနေနဲ့ မြန်မာနိုင်ငံကို မသွားရောက်ခင် တရက်အလိုအထိ အရေးပါဆုံး ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ရမရ မသိရသေးဘူး ဆိုတာတော့ ထင်ရှားနေပါတယ်။
တဘက်မှာလည်း မစ္စတာ ဂျင်မ်ဝက်ဘ်ဟာ စစ်အစိုးရဘက်ကို ပိုအလေးပေးပြီး သူ့ရဲ့ခရီးစဉ်ဟာ မြန်မာ့နိုင်ငံရေးအတွက် အကျိုးရှိမှာ မဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ယူဆ ဝေဖန်နေကြတဲ့ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေကလည်း ရှိနေပါတယ်။ မြန်မာစစ်အစိုးရဟာ မစ္စတာ ဂျင်မ်ဝက်ဘ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံပွဲလုပ်ဖို့ အသိပေး အကြောင်းကြားထားတာ မရှိသေးဘူးလို့လည်း ဒေါ်စုနဲ့ ကြာသပတေးနေ့က တွေ့ဆုံခဲ့တဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရရင် အမေရိကန် အဆင့်မြင့်ခေါင်းဆောင်တဦး အနေနဲ့ မြန်မာနိုင်ငံကို သွားစရာ မလိုဘူးဆိုတဲ့ အစဉ်အလာကို အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် ချိုးဖောက်လိုဟန်လည်း မရှိပါဘူး။

မြန်မာနိုင်ငံတွင်နေရောင်ခြည်လျှပ်စစ်စွမ်းအင်သုံးစွဲသူများ

မြန်မာနိုင်ငံ အတွင်း လျှပ်စစ် ဓာတ်အား မလုံလောက် မှုကြောင့် နေရောင်ခြည် ဆိုလာ စနစ်သုံး လျှပ်စစ် ထုတ်လုပ် အသုံးပြု မှုများ ယခုနှစ်ပိုင်းတွင် ပိုမို များပြား လာကြောင်း ပြည်တွင်း ဆိုလာ ကုမ္ပဏီ များက ဆိုသည်။ ဆိုလာ စနစ်သုံး လျှပ်စစ် ထုတ်လုပ် သုံးစွဲ မှုတွင် ရန်ကုန်၊ မန္တလေး စသော မြို့ကြီးများထက် နယ်မြို့ များတွင် အများဆုံး အသုံးပြုလျက် ရှိသည် ဆိုသည်။ ဆိုလာပြား မှ တစ်ဆင့် နေရောင်ခြည် စွမ်းအင်ဖြင့် လျှပ်စစ် ထုတ်လုပ်မှုမှာ ပျက်စီး ချို့ယွင်း နိုင်သော အစိတ်အပိုင်း နည်းပါးခြင်း၊ ဆူညံမှု မရှိခြင်း၊ နေရောင်ခြည်သာ လိုအပ်၍ အခြား လောင်စာ မလို အပ်ခြင်း နှင့် လျှပ်စစ် ရရှိမှု အားကောင်းခြင်း တို့ကြောင့် သုံးစွဲသူ ပိုမို များပြား လာခြင်း ဖြစ်သည်ဟု ဆိုသည်။ ဆိုလာ စနစ်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ဆိုလာပြား၊ အင်ဗာတာ၊ ဘက်ထရီ တို့သာ လိုအပ်ပြီး အိမ်သုံး လျှပ်စစ် ပစ္စည်းများပါ အသုံးပြု နိုင်ရန် ပြုလုပ် တပ်ဆင်ပါက ကျပ် ၁၀ သိန်း ဝန်းကျင်ခန့် ကုန်ကျ နိုင်ကြောင်း ဆိုလာပြား ရောင်းချသည့် ကုမ္ပဏီမှ သိရကြောင်း Favourite News Journal တွင် ဖော်ပြ ထားသည်။




၃ . ၆ . ၂၀၁၀

ဒက္ကားမြို့ မီးလောင်မှု လူရာနဲ့ချီ သေဆုံး

dhaka
လူနေ ထူထပ်တဲ့နေရာမှာ မီးလောင်မှု ဖြစ်ခဲ့
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားမြို့တော်က လူနေ အထူထပ်ဆုံး ရပ်ကွက်တခုမှာ အဆောက်အအုံ အတော်များများ မီးစွဲလောင်ခဲ့ရာမှာ အနည်းဆုံး လူ ၁၀၈ ဦး သေဆုံးခဲ့ပြီး လူ ၁၀၀ ကျော်လောက် လည်း ဒဏ်ရာရသွားပါတယ်။
လျှပ်စစ် ထရန်စဖေါ်မာအိုး ထပေါက်ရာကနေ မီးစလာင်ခဲ့ပြီး လူနေတိုက်ခန်းတွဲတွေနဲ့ ဆိုင်ခန်းတွေကို မီးစွဲလောင်ခဲ့ပါတယ်။
အခုအခါ မီးလောင်မှုကို ထိန်းချုပ်လိုက်နိုင်ပြီလို့ မီးသတ်သမားတွေက ပြောပါတယ်။
မီးလောင်မှုဟာ ဒက္ကားမြို့မှာ ဖြစ်ရိုး ဖြစ်စဉ် ဖြစ်ပေမဲ့ ဒီမီးလာင်မှုကတော့ နှစ်အတော်ကြာ အတွင်းမှာ အကြီးမားဆုံးနဲ့ အဆိုးဝါးဆုံး ဖြစ်တယ်လို့ အကဲခတ်တွေက ပြောပါတယ်။
ဒက္ကားမြို့ဟာ ကမ္ဘာပေါ်မှာ လူနေ အထူထပ်ဆုံး မြို့တွေထဲမှာ တခု အပါအဝင် ဖြစ်ပြီး အခု မီးလောင်မှု ဖြစ်ခဲ့တဲ့ နင်တိုလီ ရပ်ကွက်ဟာလည်း ဒက္ကားမြို့မှာ လူနေ အထူထပ်ဆုံး ရပ်ကွက် ဖြစ်တယ်လို့ ဒက္ကားမြို့မှာရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပြပါတယ်။
အဆောက်အအုံတခုရဲ့ အမိုးပေါ်မှာ ကျင်းပနေတဲ့ မင်္ဂလာ ဧည့်ခံပွဲတခုကိုလည်း မီး ပျံ့နှံ့ လောင်ကျွမ်းသွားခဲ့ပါတယ်။
ဧည့်ခံပွဲကနေ ခဏလေး ထွက်သွားခဲ့တဲ့ သတို့သမီး က အသက်ဘေးက သီသီလေး လွတ်သွားခဲ့ပေမဲ့ ဧည့်သည် အတော်များများကတော့ မီးလောင်သေဆုံးခဲ့ပါတယ်။
မီးလောင်မှုအတွင်း အနည်းဆုံး အဆောက်အအုံ ၇ခု မီးစွဲလောင်ခဲ့တယ်လို့ မီးသတ်ဌာန အကြီးအကဲက ပြောပါတယ်။
BBCnews

Thursday, June 3, 2010

PARTICIPATE IN WORLD REFUGEE DAY 2010 IN KUALA LUMPUR!

Date: Saturday, 19 June and Sunday, 20 June 2010 
Time: 10 a.m. - 9 p.m.
Venue: KL Sentral Station, Main Foyer (facing the hotels)
  

EVENT HIGHLIGHTS
:: Learn what it’s like to be a refugee
Experience the journey a refugee makes fleeing war and persecution, and experience the reality of a refugee’s daily life in Malaysia. Walk a mile in a refugee’s shoes.
Includes:
:: Interactive exhibition space to appreciate the experiences of living as a refugee in Malaysia
:: Speaking to refugees about their lives in Malaysia
:: Photography exhibition depicting the lives of refugees in Malaysia.
:: Refugee bazaar
 
Refugees will showcase their heritage and culture, crafts and food through a Bazaar. The Bazaar will also generate some income for refugee community development initiatives.
:: Over 20 refugee community groups comprising refugees from Myanmar,Afghanistan,Sri Lankaand Somaliawill showcase and sell traditional handicrafts that are indigenous to their own community.
:: Proceeds will go directly to the refugee community to benefit refugee welfare initiatives.
 
:: Cultural display from the refugee communities
Over 20 traditional performances from refugee communities will be displayed during the event.
:: Cultural performances by various refugee community groups including refugees from Myanmar including the Arakan, Chin, Karen, Mon, Shan, Karenni and Kachin, and from Sri Lanka.
:: Other exciting activities
Other activities to be held during the weekend include:
:: Performances/appearances by Malaysian celebrities supporting the refugee cause.
:: Quizzes and games with exclusive UNHCR merchandise to be won.
WORLD REFUGEE DAY  is a salute to the indomitable spirit and courage of the world’s refugees, not just in the enduring the dangers and violence or the crises that made them refugees, but also in the courage they show in rebuilding their lives and contributing to society in difficult and unfamiliar circumstances. It is celebrated on 20th June every year, all over the world. This year’s theme is about a refugee’s hope for a new home, “They took my home, but they can’t take my future.”

Stop whipping illegal immigrants, Amnesty tells Malaysia


THE TIMES OF INDIA
KUALA LUMPUR: Amnesty International on Thursday urged Malaysia to stop whipping illegal immigrants as a form of punishment and criticised attempts by the government to muzzle freedom of expression.
Under Malaysian law, those staying in the country illegally are subject to a mandatory six lashes of a cane, fines and up to five years in jail.
"Degrading methods of punishment such as whipping should be ceased immediately if Malaysia has accepted to uphold the protection of human dignity," said Nora Murat, Amnesty's Malaysia executive director.
The whipping sentence was added to Malaysian immigration laws in 2002 amid concern over the ramifications of having a large migrant workforce.
In the Malaysia chapter of its 2010 human rights annual report, released Thursday, the London-based group said 34,923 whippings were carried out for immigration offences between 2002 and 2008.
Malaysia, Southeast Asia's third-largest economy, has 2.2 million migrant workers in Malaysia, who are the mainstay of the plantation and manufacturing sectors.
Amnesty also criticised the government for attempting to silence bloggers with the threat of jail sentences and breaking up peaceful protests.
"Even a silent candlelight vigil was condemned (by the government), with protesters arrested, thus denying the public the right to peaceful assembly," Nora said.
Demonstrations are routinely banned in Malaysia citing the threat of political instability. Police usually use tear gas and water cannon to disperse illegal gatherings.

Pangpar leh Fur Khawthiang

June 3rd, 2010 3:54 am by Robocop

Fur a in tan a, Thal khawro laia hnim ro ri re te leh thing hnah tla kawlh vel vul te chuan hnah thar chhuahin an lo duah leh tan ta. I thlir ve ngai em? Fur khawthiang mawi zia hi!!! Mizo hla kungpui Rokunga’n ‘Aw lei mawina thinlai tihlimtu’ a tih leh Fur khawthiang hi ava han inchawih tak em! He hunah hian pangpar tam takin par fung an chawi a, April par meuh pawh May thlaah a vul ta chûk mai.

- Zothlifim Blog ah pic dang en tur a awm nual e.

TD minister’s guest house at Senapati burnt down

IMPHAL, June 2: Unknown miscreants burnt down a residential guest house of the TD and Veterinary minister DD Thaisii late last night.

According to a relative of the minister, the incident occurred around 11:30 pm last night when about 30 miscreants came knocking at the door of the guest house and asked those inside to leave the place immediately and warned of dire consequences if they failed to do so.

The minister’s relative further revealed that there were only three family members including an infant inside the house and all of them fled to neighbouring house when the miscreants started setting the house on fire.

The sources further said the miscreants were armed with blunt and sharp objects and started dismantling the properties inside and later set fire to the guest house which spreads to another building of the minister.

A room was completely burnt in the arson.
The attempts of the fire department men to control the fire failed and property estimated to be over Rs. 3 crores was lost in the fire.

Further, after the incident the un-burnt building of the Minister has now been put under vigil using the concerned police.



adasd
Charred remains of state Tribal Development and Vety and AH Minister DD.Thaisii’s guest house which was burnt down completely by unknown miscreants last midnight at Tarangmali village near Senapati district headquarters.

အမေရိကန်အမတ် မြန်မာနိုင်ငံ ဒီနေ့ရောက်

jim webb

မစ္စတာ ဂျင်မ်ဝက်ဘ်ဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ်ရောက်လာ

အမေရိကန်ဆီးနိတ်အထက်လွတ်တော်အမတ် မစ္စတာ ဂျင်ဝက်ဟာ မြန်မာနိုင်ငံကို ဒီနေ့ လာရောက်ဖို့ရှိပါတယ်။

သူ့ရဲ့ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။

သိပ်မကြာခင်တုန်းကတော့ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့ဒ် ကမ့်ဘဲလ်လည်း မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ခရီးစဉ်အပြီးမှာ ပြောတာက မြန်မာနိုင်ငံရေးမှာ စစ်အစိုးရက တစ်ဘက်သတ် သွားနေတဲ့အတွက် စိတ်ပျက်တဲ့အကြောင်း ပြောပါတယ်။

မစ္စတာ ဂျင်မ်ဝက်ဘ်ဟာ ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံကို ပထမအကြိမ်အဖြစ် လာတုန်းက မြန်မာအစိုးရ၊ အတိုက်ခံခေါင်းဆောင်တွေနဲ့တွေ့ခွင့်ရခဲ့သလို ထောင်ကျနေတဲ့ မစ္စတာ ယက်တောကိုလည်း အမေရိကန်ကို ပြန်ခေါ်သွားနိုင်ခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာ သူဘာတွေ ဆောင်ရွက်နိုင်မလဲဆိုတာ မသိရေသေးပေမယ့် NLD ကတော့ အမေရိကန်အနေနဲ့ ချင့်ချင့်ချိန်ချိန်လုပ်ဆောင်သင့်ကြောင်း၊ မြန်မာအစိုးရက ဒီမိုကရေစီရေး တကယ်တမ်း တိုးတက်အောင် လုပ်ဆောင်နိုင်မှု ရှိမရှိဆိုတာကို ကြည့်သင့်ကြောင်း NLD ဒုတိယဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။

အမေရိကန်ဟာ မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူထားသလို ပြီးခဲ့တဲ့နှစ်ကစလို့ သူ့ရဲ့ မူဝါဒပြန်လည်သုံးသပ်မှုတွေနဲ့အတူ မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးမှုတွေလည်း လုပ်နေပါတယ်။ ဒါပေမယ့် တွေ့ဆုံမှုကလွဲရင် တခြားတိုးတက်မှုတစ်စုံတစ်ရာ မတွေ့ရသေးပါဘူး။

တရုတ်ဝန်ကြီးချုပ် ရန်ကုန်ရောက်


တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ရဲ့ နှစ်ရက်ကြာ မြန်မာခရီးစဉ်ကို ဒီကနေ့ စတင်လိုက်ပါတယ်။ ဒီကနေ့မှာ ရန်ကုန်ကို ရောက်ရှိပြီး ရန်ကုန်ရောက် တရုတ် အသိုင်း အဝိုင်းနဲ့ တွေ့ဆုံမယ်၊ ရွှေတိဂုံ ဘုရားကိုလည်း သွားရောက် ဖူးမျှော်မယ်လို့ သိရပါတယ်။

Wen Jaibao

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်

မနက်ဖြန်မှာတော့ နေပြည်တော်ကို သွားပြီး၊ မြန်မာ ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ တွေ့ဆုံလို့ နှစ်နိုင်ငံ နှစ်ဘက် သဘောတူ စာချုပ်တွေ ချုပ်ဆိုဖို့ ရှိပါတယ်။ တရုတ် ဝန်ကြီးချုပ်ရဲ့ မြန်မာခရီးစဉ်နဲ့ ပတ်သက်ပြီး တရုတ်ရဲ့ အခြေခံ အဆောက်အဦ တည်ဆောက်တဲ့ ကျွမ်းကျင်မှုတွေကို မြန်မာက ရနိုင်သလို မြန်မာရဲ့ စွမ်းအင် အရင်းအမြစ်တွေကို တရုတ်က ရယူမယ့် အကြောင်း၊ နှစ်နိုင်ငံ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း နှစ်ဘက် အပြန်အလှန် အကျိုးပြုကြမယ့် အကြောင်းတွေ ဆွေးနွေး နိုင်တဲ့အကြောင်း ဘီဘီစီ ကမ္ဘာတစ်လွှား အစီအစဉ်က တရုတ်နိုင်ငံ အရေး ကျွမ်းကျင်သူ မစ္စတာ ရှီရွန်းချန်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီနှစ်နှောင်းပိုင်း စစ်အစိုးရက ကျင်းပမယ့် ရွေးကောက်ပွဲကို တရားမျှတတဲ့ ရွေးကောက်ပွဲ အဖြစ် ကျင်းပပေးဖို့ စစ်အစိုးရကို တရုတ် ဝန်ကြီးချုပ်က ပြောဆို နိုင်မှာပါလားလို့ မေးတာကိုတော့ မစ္စတာ ရှီရွန်း က သူ့အနေနဲ့ မထင်ကြောင်း၊ တရုတ်နိုင်ငံမှာ ပါလီမန် ရွေးကောက်ပွဲ ဆိုတာ မရှိကြောင်း၊ အင်္ဂလိပ် စကားပုံအရ ဆိုရင် မှန်တွေနဲ့ ဆောက်ထားတဲ့ အိမ်မှာ နေတဲ့သူဟာ သူများကို ခဲနဲ့ မပေါက်ရဘူးလို့ တင်စား သုံးသပ်ပြ ပါတယ်။

နောက်ပြီး တရုတ်နိုင်ငံ အနေနဲ့ သူများ နိုင်ငံတွေကို ဟိုလိုလုပ်ပါ ဒီလိုလုပ်ပါလို့ မပြောတတ်ကြောင်း၊ ဒါကြောင့် တရုတ် ဝန်ကြီးချုပ်ဟာ မြန်မာ ခရီးစဉ် အတွင်းမှာ ဒီမိုကရေစီတို့၊ တရားမျှတတဲ့ ရွေးကောက်ပွဲတို့ ဆိုတာတွေကို ပြောမယ်လို့ သိပ်မထင်ဘဲ နဂို သဘောတူ ပြီးသား နားလည်မှု စာချွန်လွှာ တွေကို လက်တွေ့ ဘယ်လို အကောင်အထည် ဖော်ကြမလဲ ဆိုတာတွေကိုပဲ ဆွေးနွေးမယ်လို့ ထင်မြင်ကြောင်း သူက သုံးသပ် သွားပါတယ်။

မြန်မာနဲ့ တရုတ်ဟာ အိမ်နီးချင်း နိုင်ငံတွေ ဖြစ်ပြီး၊ တရုတ်နယ်စပ်နဲ့ ကပ်နေတဲ့ လက်နက်ကိုင် မြန်မာတိုင်းရင်းသား အရေးနဲ့ ပတ်သက်ပြီး ဒီခရီးစဉ်မှာ ဆွေးနွေး နိုင်မှာပါလား ဆိုတာကိုတော့ မစ္စတာ ရှီရွန်းက ကိုးကန့်ဒေသကို စစ်အစိုးရ အပြုတ်တိုက်ခဲ့လို့ ဒေသထဲက ဒုက္ခသည်တွေ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲ အလုံးအရင်း ထွက်ပြေးခဲ့ကြတုန်းက တရုတ်နိုင်ငံခြားရေး ဌာနက မြန်မာအာဏာပိုင်တွေကို ပြင်းပြင်းထန်ထန် ပြောဆိုမှုတွေ ရှိခဲ့ပေမယ့် နှစ်နိုင်ငံ ဆက်ဆံရေးကို ခြုံကြည့်မယ်ဆိုရင် တော့ တရုတ်က မြန်မာကို အိမ်နီးချင်း နိုင်ငံအဖြစ် ရှိစေချင်တာပါလို့ မစ္စတာ ရှီရွန်းက သုံးသပ်ခဲ့ပါတယ်။

Wednesday, June 2, 2010