Sunday, June 6, 2010

ဂါဇာဒေသ ကူညီရေးသင်္ဘောကို အစ္စရေးတို့ ထိန်းသိမ်း


Rachel Corrie
အစ္စရေး ရေတပ်က သင်္ဘောကို အက်ရှ်ဒို့ ဆိပ်ကမ်းကို ခေါ်ယူလာပါတယ်
အစ္စရေးတို့ ပိတ်ဆို့ထားတာကို အံတုပြီး ဂါဇာဒေသအတွက် ကူညီရေးပစ္စည်းတွေ တင်လာတဲ့ သင်္ဘောတစီးကို အစ္စရေး ရေတပ်က ထိန်းသိမ်းလိုက်ပြီး သင်္ဘော ပေါ်ကို တက်ရောက်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
ဂါဇာကမ်းခြေကနေ ၃၀ ကီလိုမီတာ အကွာ အဝေးမှာရှိတဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ အစ္စရေးရေတပ်က သင်္ဘောကို အေးချမ်းစွာ နဲ့ပဲ ထိန်းသိမ်းလိုက်တာဖြစ်တယ်လို့ အစ္စရေးကပြောပါတယ်။
အစ္စရေး ရေတပ်က အဲဒီသင်္ဘောကို လမ်းကြောင်းပြောင်းဖို့ အကြိမ်ကြိမ်သတိပေး ပေမယ့် သူတို့ပိတ်ထားတဲ့ ဂါဇာရေကြောင်းဘက်ဆီပဲ ဝင်လာတဲ့အတွက် သင်္ဘောပေါ်ကို တက်ပြီး စီးလိုက်ရတာလို့ ပြောပါတယ်။
ကုန်ပစ္စည်းတွေကို စစ်ဆေးဖို့အတွက် အခုတော့ သင်္ဘောကို အက်ရှ်ဒို့ ဆိပ်ကမ်းကို အစ္စရေး တို့က မောင်းခေါ်လာနေပြီဖြစ်ကြောင်းနဲ့ သင်္ဘောပေါ်ပါသူတွေနဲ့ သဘောတူချက် ရခဲ့ပြီး၊ ဘာအကြမ်းဖက်မှုမှမရှိဘဲ အားလုံးငြိမ်ငြိမ်သက်သက်ရှိကြောင်း အစ္စရေး ပြောခွင့်ရ အမျိုးသမီး မီရီအီဆင်က ပြောပြပါတယ်။
သင်္ဘောပေါ်မှာပါလာတဲ့ ပါလက်စတိုင်းအရေး လှုပ်ရှားသူ ၁၁ ဦးကတော့ ဘာမှမခုခံဘဲ အသာတကြည် အဖမ်းခံခဲ့ပါတယ်။
ဒီအပတ်စောစောပိုင်းကတော့ ဂါဇာကိုဦးတည်မောင်းလာနေတဲ့ သင်္ဘောတစီးကို အစ္စရေး တပ်ဖွဲ့တွေက ဝင်ရောက်စီးနှင်းခဲ့ပြီး ပစ်ခတ်မှုတွေ ဖြစ်ခဲ့ရာက ပါလက်စတိုင်းအရေး တက်ကြွသူ ၉ ဦး သေဆုံးခဲ့ပါတယ်။

Mary Kom, Sarita gearing up for the London Olympics

IMPHAL, June 5: Two Asian Champions incidentally both from the small state of Manipur are gearing to participate in the London Olympics though both will have to fight in the same category of 51 kg category.
Mary Kom recently was crowned the champion of the 46 kg pin weight whereas L Sarita was crowned the 51 kg fly weight champion in the recently held Asian Championship, Kashakisthan.
L Sarita, who has a former Churchill brothers as husband, while talking to IFP stated that living along with Ng Dingko at SAI turned her attention to boxing though she was staying there as a taekwondo player.
She further stated that it took only one year for her to become the national champion in boxing. Simultaneously, she became the 54kg fin weight Asian champion in the same year.
She has also added that she had to bring down her weight to 51 kg so as to participate in the London Olympics which will be introducing Women’s boxing in 2012, with only three categories in the 51kg, 60kg and 75.
Sarita, who has the sponsorship of Lakshmi Mittal Steel Plant, also stated that her sponsors are willing to take up any projects, which will help her in the London Olympics.
In the meantime the Indian boxing Federation will be starting a Boxing Camp, which will look only at the London Championship at Bhopal from June 15, though she will have to wait till June 17 to reach the camp.
Mary Kom who is sponsored by the Olympic Gold Quest and the management Infinity Solution of Society will be reaching the camp by June 14. She further stated that the London Olympics would be her last chance for a fight for the Olympics gold Medal.
In the meantime, it is also note worthy that all weight category below 51 kg will have to fight in the 51 kg in the London Olympics as there is no weight category under 51 kg.

NDF From CNF's Web

The National Democratic Front

The Chin National Front is a member of the National Democratic Front, which consists with leadership of political wings in the ethnic groups. The NDF was established in May 10, 1976 at Manerplaw, Kawtoolay by 12 different Ethnic political parties and organizations, such as the Arakan, Chin, Karen, Karenni, Kachin, Lahu, Mon, Pa-O, Palaung, Shan and Wa. The NDF is the first and most successful union of all of the ethnic groups who are working together to develop the best strategy for a Federal Union and topple military regime.

Aims of the NDF

1. Equality right and self-determination right for all ethnic nationals and
2. Establishment of a Federal Union based on democratic principles.

The Beliefs of NDF

The NDF firmly believes that
1. All ethnic nationals must enjoy political equality, regardless of the size of their populations, advancement and backwardness, in order to establish genuine national unity;
2. A state should be established for the Burman ethnic national in order to ensure the equality principle of ethnic nationals in Burma and self-determination right;
3. Ethnic conflicts originating from political causes could only be resolved by political means and not by military means, which has been the course successive Burmese regimes have been pursuing; and
4. The military regime attempting to resolve the conflict only by the military means should be overcome and for that the democratic forces must be organized for united struggle against the military regime.

The Principles of NDF

(1) The NDF is a leading front of all the ethnic nationals organized for upholding the interests and betterment of the ethnic nationals;
(2) The NDF is totally against any system that hinders development of all the ethnic nationals and upholds national democratic principles;
(3) The NDF shall cooperate with any organizations or individuals that promote World peace and oppose dictatorship;
(4) The NDF is absolutely against any system that suppresses multi-ethnic nationals’ unity;
(5) The NDF respectfully observes international standards as well as the value of local traditions whilst realizing its aims and objectives;
(6) The NDF was founded by organizations that are committed to uphold equality, democracy, mutual understanding and cooperation; and
(7) The NDF shall settle every major disagreement on the basis of shall be neglected. Any disagreement shall be resolved through peaceful negotiation.

Membership criteria of the NDF

If an organization which has the following characteristic could be a member of NDF;
1) A well defined political program and guide line/ political;
2) A Central Committee to realize its political program and guide line policy;
3) An armed force or believe in armed resistance;
4) A base area that enjoy the support of the masses of people in that area; and,
5) Has accepted the right of equality and self-determination for all ethnic nationalities.

Current member organization of NDF

1) Arakan Liberation Party (ALP)
2) Chin National Front (CNF)
3) Karen National Union (KNU)
4) Lahu Democratic Union (LDU)
5) New Mon State Party (NMSP)
6) Pa_O People’s Liberation Organization (PPLO)
7) Palaung State Liberation Front (PSLF)
8) Wa National Organization (WNO)

The Leadership of NDF 7th Congress Term


The Seventh Congress of the National Democratic Front (NDF) was successfully held from April 6 to 9, 2009 at a certain place in the liberated area. This Congress elected democratically leaders, at different levels, in accordance with the Constitution for implementation, during the term of the 7th Congress, the programs laid down by the Central Executive Committee - CEC of NDF, as follows;

1. Chairman Saw David Tharckabaw (KNU)
2. Vice-Chaiman Khaing Soe Naing Aung (ALP)
3. General Secretary Mai Bhone Kyaw (PSLF)
4. Joint-G/Secretary Mahn Nyein Maung (KNU)
5. CEC Col. Khun Okker (PPLO)
6. CEC Khaing Ne Lin (ALP)
7. CEC Mai aik Phone (PSLF)
8. CEC Dr. Sui Khar (CNF)
9. CEC Saya Nai (NMSP)
10. CEC Saw Tar Doemu (KNU)
11. CEC Khun Ooh (PPLO)
12. CEC Na Mi Shaw (LDU)

The significant works of NDF (Part One)

(a) The integration of national liberation movement with the democratic movement.
(b) The formation of the All Burma Student Democratic Front (ABSDF)
(c) The forming National Coalition Government of the Union of Burma (NCGUB)

The significant works of NDF (Part Two)

(a) NDF Cadet training in 1981
(b) NDF Joint Military Command in 1982
(c) NDF regional forces in 1984
(d) A long march to Northern Burma in 1985-86
(e) The Federal University of NDF

The significant works of NDF (Part Three)

(a) The Manerplaw Agreement in 1992
(b) The attempt to reunite the two splitting factions of Mon organization in 1982
(c) The compromising of Mon-Karen armed conflict in 1988
(d) NDF and UWSP alliance in 1989
(e)The historical seminar of Ethnic Nationalities in 1997

Saturday, June 5, 2010

Mangtha အမူ့ဆောင်သစ်များ

Alliance of Chin Refugee  ( Malaysia )   Mangtha ( အမျိုးသမီး များ အဖွဲ့ ) ဧ။် ရွေးကောက်ပွဲ ကို June 3, 2010  နေ့တွင်ကျင်းပခဲ့ ပါသည်။ အမူ့ဆောင် Committee များမှာ
  1. Tha Coordinator- Khin Mar Aye,
  2. Treasurer- Nu Nu Aung,
  3. EC (1) Pau Pau
  4. EC (2) Khin Htay Yee

မြန်မာ့နျူကလီးယားအစီအစဉ် သေချာလို့ ပညာရှင်ပြော

robert_kelley
ရောဘတ်ကယ်လီက အထောက်အထားတွေ ခိုင်လုံတယ်လို့ ပြော
မြန်မာနိုင်ငံကနေ ဒုံးကျည်တွေထုတ်လုပ်ဖို့နဲ့ နျူကလီးယား လက်နက် ပိုင်ဆိုင်ဖို့ ကြိုးစားနေတယ်ဆိုတာကို ကာတာအခြေစိုက် Al Jazeera ရုပ်မြင်သံကြားကနေ မနေ့ကစလို့ ထုတ်လွှင့်ပြသနေရာမှာ အဲဒီထဲမှာ ပညာရှင်တွေက အထောက်အထားတွေဟာ ခိုင်လုံကြောင်း ထောက်ပြကြပါတယ်။
''ဓာတ်ပုံတွေအများအပြားတွေ့ရပြီး ဒီဓာတ်ပုံတွေကပဲ တော်တော်လေး အဖြေထွက်နေပါတယ်''လို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) စစ်ဆေးရေးမှူးနဲ့ ညွှန်ကြားရေးမှူးအဖြစ် မကြာခင်အချိန်ကာလတွေထိ တာဝန်ယူခဲ့တဲ့ ဒေါက်တာ ရောဘတ် ကယ်လီက ဘီဘီစီကို ပြောပါတယ်။
ဒေါက်တာ ကယ်လီအပါအဝင် ပညာရှင် ၁၀ ဦးလောက်ကနေ ဓာတ်ပုံတွေအပြင် တခြား စာရွက်စာတမ်းတွေ၊ သတင်းအချက်အလက်တွေကိုလည်း လေ့လာခဲ့ကြပါတယ်။
မြန်မာအစိုးရဟာ ရရှားကို သင်တန်းတွေ စေလွှတ်ခဲ့တယ်၊ ဥရောပကနေ စက်ကိရိယာတွေ ဝယ်တယ်၊ ဒုံးကျည်ထုတ်ဖို့ကိစ္စမှာ မြောက်ကိုးရီးယားက ပါဝင် ပတ်သက်နေတယ်၊ ဒါပေမယ့် မြောက်ကိုးရီးယားဟာ နျူကလီးယားကိစ္စမှာ ပါမပါကိုတော့ မပြောနိုင်သေးဘူးလို့ မစ္စတာ ကယ်လီက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်လို့ ''ကျွန်တော်ကတော့ ကနဦးအဆင့်လို့ ပြောချင်ပါတယ်။ စက်ရုံနဲ့ စက်ပစ္စည်း တွေကိုကြည့်ရင် နျူကလီးယားအစီအစဉ်အတွက်လို့ ပြောလို့ရနိုင်ပါတယ်။ ဒါပေမယ့် နျူကလီးယားဖြစ်တဲ့အဆင့်ထိတော့ မရောက်သေးပါဘူး။ နျူကလီးယားကိုသွားဖို့ လုပ်ပေးတဲ့ အဆင့်တွေပါ။ ဒါတွေက သိသာ ထင်ရှားပါတယ်'' လို့ မစ္စတာ ကယ်လီက ပြောပါတယ်။
နိုင်ငံတကာကနေ မြန်မာနိုင်ငံကို တားဆီးဖို့ နောက်ကျသွားမှာ စိုးတဲ့အတွက် အခုလို အထောက်အထားတွေနဲ့ တွေ့ရှိချက်တွေကို ထုတ်ပြန်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
မကြာခင်မှာ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (IAEA)ကနေ မြန်မာနိုင်ငံကို ဒီအကြောင်း ဟုတ်မဟုတ် မေးမြန်းလာနိုင်သလို IAEA စာချုပ်တွေမှာ နောက်ထပ် လက်မှတ်ထိုးခိုင်းတာတွေ လုပ်လာနိုင်တယ်လို့ မစ္စတာ ကယ်လီက ပြောပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံက ထုတ်လုပ်တဲ့ ဒီရုပ်မြင်သံကြားအစီအစဉ်ဟာ ၄၅ မိနစ်ကြာပြီး Al Jazeera ကနေ သောကြာနေ့ကစလို့ ငါးရက်ကြာ ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်။

မြန်မာ့နျူကလီးယားပြဿနာ ကမ္ဘာသိထုတ်ဖော်

မြန်မာ စစ်တပ်က နျူကလီးယား လက်နက် ပိုင်ဆိုင်ဖို့ ကြိုးစား နေတဲ့ အကြောင်း တွေကို စစ်အစိုးရရဲ့ စက်ရုံတွေ ထဲက မြိုင်စက်ရုံမှာ ဒုတိယ စက်ရုံ တာဝန်ခံ လုပ်ခဲ့ပြီး နောက်ပိုင်း မှာတော့ စစ်တပ် ခေါင်းဆောင် တွေရဲ့ လုပ်ရပ် တွေကို မနှစ်မြို့တဲ့ အတွက် သက်သေခံ အထောက် အထား တွေနဲ့ အတူ နိုင်ငံ အပြင် ဘက်ကို ထွက်လာတဲ့ ဗိုလ်မှူး ဟောင်း စိုင်းသိန်းဝင်း က ပြောတယ်လို့ သိရ ပါတယ်။
sai thein win
တိုင်းပြည် အကျိုးအတွက် အခုလို လုပ်တာလို့ ဆိုတဲ့ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း
ဗိုလ်မှူး စိုင်းသိန်းဝင်းရဲ့ အပြောအရ စစ်တပ်က အခုလို မြေအောက် လှိုဏ်ခေါင်းတွေ တည်ဆောက်တာ၊ တာဝေးပစ် စကာ့ဒ် ဒုံးကျည်တွေ တည်ဆောက်တာ၊ နျူးကလီးယား လက်နက် ပိုင်ဆိုင်ဖို့ ကြိုးစား နေတာ တွေဟာ တိုင်းပြည် ဘဏ္ဍာကို ဖြုန်းတီး နေတာလို့ ဆိုပါတယ်။
တိုင်းပြည် အတွက် အကျိုး မရှိဘူးတဲ့အပြင် ဝန်ကြီး ဦးသောင်းတို့၊ ဗိုလ်ချုပ် မောင်အေးတို့၊ ဗိုလ်ချုပ် သန်းရွှေ တို့က အတင်း ခိုင်းနေတာ၊ အမှန်ဆို ပညာရေး၊ ကျန်းမာရေး ဘက်မှာ သုံးသင့် တယ်၊ အရင် တစ်ခေါက်က DVB က ထုတ်လွှင့် ခဲ့တဲ့ လှိုဏ်ခေါင်းတွေ အကြောင်း သတင်း မှတ်တမ်းကို ကြည့်လိုက် ရပြီးနောက်ပိုင်း အခုလည်း မြန်မာ စစ်တပ်က နျူးကလီးယား လက်နက် ရအောင် လုပ်နေ တာကို တားဆီး ရမယ် ဆိုပြီး ဗိုလ်မှူး စိုင်းသိန်းဝင်းကDVB ကို ဆက်သွယ် ထုတ်ဖော် လာတာ ဖြစ်ပါ တယ်လို့ ဒီမိုကရက်တစ် မြန်မာ့ အသံ DVB က ဒုတိယ ညွှန်ကြား ရေးမှူး ဦးခင်မောင်ဝင်း က ပြောပါတယ်။
DVB က ရရှိခဲ့တဲ့ အချက် အလက်တွေ အထောက် အထားတွေကို ၁၀ လ လောက် အချိန်ယူပြီး အပြန် အလှန် သုံးသပ်ခဲ့တယ်၊ နိုင်ငံ တကာက ပညာရှင် ၁၀ ယောက် လောက်နဲ့ စိစစ် မေးမြန်း လေ့လာ ခဲ့တယ်၊ သေချာမှ အခုလို မြန်မာ နိုင်ငံမှာ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ လုပ်နေတဲ့ အကြောင်း မှတ်တမ်း ရုပ်ရှင် ကားကို ဒီနေ့ မနက်က ကာတာ နိုင်ငံ အခြေစိုက် အယ်လ် ဂျဇီးရား ရုပ်သံ ကနေ ထုတ်လွှင့်ခဲ့ ပါတယ်။
မနေ့က ကြိုတင်ပြီး သတင်း ထွက်လာတဲ့အတွက် မြန်မာ နိုင်ငံကို သွားဖို့ ရှိတဲ့ အမေရိကန် အထက် လွှတ်တော် အာရှ-ပစိဖိတ် ဒေသ ဆိုင်ရာ နိုင်ငံခြား ရေးရာ ကော်မတီ ဥက္ကဌ လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ် က သူ့ရဲ့ ခရီးစဉ်ကို ဖျက်သိမ်း ခဲ့ပါတယ်။
နိုင်ငံတကာ စိုးရိမ်
အမေရိကန် နိုင်ငံကလည်း မြန်မာ နိုင်ငံမှာ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ အတွက် မြောက်ကို ရီးယားနဲ့ ပူးပေါင်း ဆောင်ရွက် နေတာကို စိုးရိမ် ပူပန်တဲ့ အကြောင်း ထုတ်ဖော် ပြောကြားခဲ့ ပါတယ်။
တရုတ် နိုင်ငံကလည်း သူ့ရဲ့ အိမ်နီးချင်း လေးနိုင်ငံမှာ နျူကလီးယား လက်နက်တွေ ရှိနေပြီး ဖြစ်တာမို့ မြန်မာ နိုင်ငံမှာ နျူကလီးယား လက်နက် ပိုင်ဆိုင် သွားမှာကို လိုလားမှာ မဟုတ်ဘူးလို့ ယူကေ နိုင်ငံ အခြေစိုက် Chatham House နိုင်ငံတကာ လေ့လာရေး ဌာန က အကြီးတန်း သုတေသီ တရုတ်-မြန်မာ ဆက်ဆံရေး ကျွမ်းကျင်သူ ဒေါက်တာ ကယ်ရီ ဘရောင်း က ပြောပါတယ်။
စစ်ခေါင်းဆောင်ဟောင်း အမြင်
မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဟောင်းနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အင်န် အယ်လ်ဒီ ပါတီ ခေါင်းဆောင် ဦးတင်ဦး ကတော့ အခုလို ပိုက်ဆံတွေ အကုန်ခံပြီး မြေကျင်း ကြီးတွေ တူး၊ တွင်းအောင်း လုပ်ဖို့ မလိုဘူးလို့ ထင်မြင်ကြောင်း၊ ဒီလို နေလို့လည်း လုံခြုံပြီလို့ သူတို့ဟာ သူတို့ ထင်နေပေမယ့် သိပ္ပံ ထွန်းကား တဲ့ ဒီနေ့ခေတ်မှာ တကယ်ကော လုံခြုံပါ့မလားလို့ မေးခွန်းပြန် ထုတ်ပါတယ်။
general tin oo
မြေကျင်းတွေတူး တွင်းအောင်လည်း မလုံခြုံ ပါဘူးလို့ဆိုတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး
မြန်မာ့ တပ်မတော်ဟာ ထိုက်သင့် အားလျော်စွာ ကာကွယ်နိုင်တဲ့ တပ်မတော် ဖြစ်ရင် တော်ပြီလို့ ဦးတင်ဦးက သုံးသပ်ပါတယ်။ အခုလို နျူက လီးယား လက်နက် ထုတ်လုပ် မှုဟာ စစ်တပ် ခေါင်းဆောင် တွေ အနေနဲ့ တိုင်းပြည် အာဏာကို ရယူ ထားခိုက်မှာ ဘုန်းတန်ခိုး ကြီးအောင် လုပ်ကိုင် နေတာလို့ ထင်ကြောင်း၊ စစ်ရေးအရ တိုက်ရ ခိုက်ရအောင် သူများကို ရန်ပြုတဲ့ နိုင်ငံလည်း မဟုတ်ဘူး၊ နိုင်ငံခြားရေး မူဝါဒကလည်း အားလုံးနဲ့ သင့်မြတ်အောင် နေမယ် ဆိုတဲ့ မူဝါဒနဲ့ နေနေတာပဲလို့ ဦးတင်ဦးက ပြောပါတယ်။
နိုင်ငံရေးပါတီတွေရဲ့ သဘောထား
စစ်အစိုးရက ဒီနှစ်ကုန်ပိုင်း လောက် ကျင်းပပေး မယ်ဆိုတဲ့ ရွေးကောက်ပွဲ ဝင်ဖို့ ပြင်ဆင် နေတဲ့ ဒီမိုကရက်တစ် ပါတီက အတွင်းရေး မှူးချုပ် ဒေါ်သန်းသန်းနု ကတော့ နျူကလီးယား လက်နက် ပိုင်ဆိုင် ချင်တယ်ဆိုတာ အင်အား ကောင်းတယ် ဆိုတာကို ပြချင်လို့ ဖြစ်ကြောင်း၊ ဒါပေမယ့် ဒါတွေကို မလုပ်သင့်ဘူး၊ အားလုံး ငြိမ်းငြိမ်း ချမ်းချမ်း ရှိရင် ကောင်းတယ်၊ အဲဒါတွေ ထုတ်လုပ် နေရင် အိမ်နီးချင်း နိုင်ငံတွေပဲ ဖြစ်ဖြစ်၊ ခပ်လှမ်းလှမ်းက နိုင်ငံတွေပဲ ဖြစ်ဖြစ် သူတို့ကို ခြိမ်းခြောက်ရာ ရောက်တယ်၊ ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် နျူးကလီးယား လက်နက် မရှိသင့်ဘူးလို့ ပြောပါတယ်။

Friday, June 4, 2010

သျှမ်းပြည်မှဒုက္ခသည်များထိုင်းနယ်စပ်သို့ထောင်ချီရောက်ရှိ

သျှမ်းပြည်မှဒုက္ခသည်များ ထိုင်း-မြန်မာနယ်စပ်သို့ရောက်ရှိလာသူ လူဦးရေမှာ ယခင်ကထက်နှစ်ဆပိုမိုများပြားလာ ကြောင်း နယ်စပ်သတင်းများအရ သိရှိရသည်။

“ဇန်န၀ါရီမှဧပြီအထိ ကျနော်တို့ဆီရောက်လာတဲ့သူ ၁၃၂၂ ယောက်ရှိတယ်။ အခုမေလနဲ့ဆို အားလုံပေါင်း အယောက် ၁၅၀၀ ကျော်တယ်။ အရင်က တစ်လဆို ၂၀၀ လောက်ဘဲ ရောက်လာတယ်။ အခုဆိုပျှမ်းမျှ တစ်လ ၄၀၀ လောက် ရောက်လာကြတယ်။ အဲဒါကျနော်တို့ဆီတိုက်ရိုက်လာတဲ့သူတွေ။ တခြားနယ်စပ်ဂိတ်ကနေ ထိုင်းထဲဝင်လာတဲ့ သူနဲ့ဆိုရင် ခန့်မှန်းခြေ တစ်ယောက် လေးယောက်နှုန်းဆိုတော့ လေးငါးထောင်မကရှိမှာ” ဟု နယ်စပ်ဒုက္ခသည်လေ့လာစောင့်ကြည့် သူတစ်ဦးကပြောပါသည်။
အမျိုးသမီး ၆၈၆ ယောက်(၅၂%)၊ မွေးကင်းစမှ ၁၄ နှစ်အောက်ကလေး ၃၄၆ ယောက်(၂၆%)ရှိကြောင်း၊ သျှမ်းပြည်တောင် ပိုင်း ကျေးသီး၊ မိုင်းကိုင်၊ လဲချား၊ ကွန်ဟိန်း၊ မိုးနဲ၊ လင်းခေး၊ မိုင်းပန်မြို့နယ်နှင့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုန်၊ မိုင်းဆက်၊ မိုင်းပြင်းမြို့နယ်မှ ၀င်ရောက်လာသူများဖြစ်သည်ဟု ၎င်းကဆက်လက်ပြောကြားပါသည်။

“ကလောအခြေစိုက် တပ်မ ၅၅ လက်အောက်ခံတပ်ရင်းတွေက ပြည်သူလူထုကို ဆန်၊ ကြက်၊ ၀က်စတာတွေ မကြာခဏအလကားတောင်းစားတယ်။ အိမ်ခွန်၊ ယာခွန်၊ ကောက်ပဲသီးနှံခွန်စတဲ့ အခွန်မျိုးစုံလည်းထပ်ကောက် တယ်။ ယောင်္ကျားလေး/အမျိုးသားတွေကို ပြည်သူ့စစ်လုပ်ခိုင်းတယ်။ စပါးတွေကို ဈေးနိမ်ပြီးဝယ်တယ်။ အဲဒီဒဏ် တွေကို မခံနိုင်လို့ထွက်ပြေးလာရတာ”ဟု မိုင်းကိုင်ဒေသခံတစ်ဦးက ပြောပါသည်။

ခလရ ၁၁၂ နှင့် ၁၁၃ တို့ကလည်း ထော်လာဂျီ၊ မော်တော်ဆိုင်ကယ်များ အမြဲမပြတ်ချောဆွဲကြောင်း၊ ပြည်သူလူထုအား လုပ်အားပေးစေခိုင်းကြောင်း၊ ပြည်သူလူထုပိုင်မြေယာများ အတင်းအဓမ္မသိမ်းယူပြီး ပိုက်ဆံရှိသူ များထံပြန်လည်ရောင်း ချသည်ဟုဆိုသည်။

“တစ်နေ့ ထော်လာဂျီ ၆ စီး၊ ဆိုင်ကယ် ၅ စီး ချောဆွဲတယ်။ ထော်လာဂျီ၊ ဆိုင်ကယ်မရှိတဲ့သူတွေကို ဓါတ်ဆီ၊ဒီဇယ်ဆီတွေ အတွက် စုပေါင်းပိုက်ဆံထည့်ရတယ်”ဟု အဆိုပါမိုင်းကိုင်ဒေသခံက ဆက်လက်ပြောကြားပါသည်။

နယ်စပ်သို့ရောက်ရှိရန် ခရီးစရိတ် ကျပ်ငွေ ၁၅၀၀၀၀ (၅၃၀၀ဘတ်ခန့်) မှ ၂၀၀၀၀၀ (၇၀၀၀ဘတ်ခန့်) အထိကုန်ကျ ကြောင်း၊ နယ်စပ်မှတဆင့်ထိုင်းထဲသို့ ခရီးဆက်လျှင် ဘတ် ၄၀၀၀ မှ ၉၀၀၀ အထိထပ်မံကုန်ကျကြောင်း၊ ထို့ကြောင့် အနည်းဆုံးဘတ် ၉၀၀၀ မှ အများဆုံးဘတ် ၁၆၀၀၀ ထိကုန်ကျကြောင်းသိရှိရသည်။
နယ်စပ်တွင် အလုပ်လုပ်လျှင် တစ်ရက် ယောက်ျားလေး ဘတ် ၁၀၀၊ မိန်းကလေး ဘတ် ၉၀ ရရှိကြောင်းနယ်စပ် ဒေသခံတစ်ဦးပြောပြချက်အရ သိရှိရသည်။

၁၉၉၆ မှ ၁၉၉၈ ခုနှစ်အထိ နအဖစစ်တပ်များက သျှမ်းပြည်ရှိ မြို့နယ် ၁၁ မြို့နယ်မှ ရွာပေါင်း ၁၄၇၈ ရွာအား မီးရှို့ ဖျက်စီးပြီး နေရပ်မှအဓမ္မစွန့်ခွါခိုင်းခဲ့သောကြောင့် ရွာသူရွာသားသုံးသိန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု ၁၉၉၈ ဧပြီလ၌ The Shan Human Rights Foundation မှထုတ်ဝေသော Dispossessed အစီရင်ခံစာတွင် ရေးသား ဖော်ပြထားသည်။